ဆရာ/ဆရာမများရဲ့ အရည်အသွေး မြှင့်တင်ပေးဖို့ ရည်ရွယ်လျက် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဖွံ့ဖြိုးရေး (RPD)" အစီအစဉ်ရဲ့ "ပန်းပျိုးသူဥယျာဉ်မှူးသင်တန်း"ကို Myanmar Teacher Platform (MTP) ကတစ်ဆင့် တက်ရောက်သင်ယူနိုင်ဖို့အတွက် ပန်းပျိုးလက်ဖောင်ဒေးရှင်း (PPLF) မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ယခု သင်တန်းသည် ပထမအကြိမ်တွင် ပါဝင်ခွင့်မရရှိခဲ့သော ဆရာ/ဆရာမများနှင့် အသစ်တက်ရောက်လိုသူ ဆရာ/ဆရာမများအတွက် ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။
✨ ဘာတွေ လေ့လာရမလဲ?
ဒီသင်တန်းမှာ ဆရာ/ဆရာမတိုင်းအတွက် မရှိမဖြစ် သိသင့်တဲ့ မော်ဂျူး (၆) ခုကို လေ့လာရမှာပါ။
📚 မော်ဂျူး (၁)။ သင်ကြားရေး၏ အခြေခံ အုတ်မြစ်များ
📚 မော်ဂျူး (၂)။ ဆရာအတတ်ပညာ ဖွံ့ဖြိုး တိုးတက်ရေး
📚 မော်ဂျူး (၃)။ စာသင်ခန်း စီမံခန့်ခွဲမှု
📚 မော်ဂျူး (၄)။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့် ပြောင်းလဲနိုင်ခြင်း
📚 မော်ဂျူး (၅)။ ကျောင်းသားများ၏ ပေါက်မြောက် အောင်မြင်မှု
📚 မော်ဂျူး (၆)။ ဆရာ အလုပ်၌ ဘဝတစ်သက်တာ နှစ်မြှုပ်လုပ်ဆောင်မှု
📅 သင်တန်းကာလ
၂၀၂၆ ခုနှစ် ဧပြီလ မှ မေလ ၂၀ရက်နေ့ အတွင်း
(မိမိအားလပ်ချိန်တွင် တက်ရောက်လေ့လာနိုင်သော Online Course ဖြစ်ပါတယ်။)
သင်တန်းအစီအစဉ်များ
✅ Orientation - သင်တန်းမိတ်ဆက်ခြင်း။
✅ Webinar - နည်းပြဆရာများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးသင်ယူခြင်း
✅ "ပန်းပျိုးသူဥယျာဥ်မှူးသင်တန်း" (Module ၆) ခုကို (MTP) တွင် ကိုယ်တိုင်လေ့လာခြင်း
🎁 အထူးအစီအစဉ်
· "Orientation နှင့် Webinar Session များ" တက်ရောက်သူများကို အင်တာနက်အသုံးပြုခ ပံ့ပိုးပေးခြင်း
· မော်ဂျူး (၆) အားလုံးကို တက်ရောက်ပြီးစီးပါက မေတ္တာလက်ဆောင် ဆုချီးမြှင့်ငွေ ပံ့ပိုးပေးခြင်း
📝 စာရင်းပေးသွင်းရန်: အောက်ပါ Link မှတစ်ဆင့်ဖြစ်စေ၊ ပုံပါ QR Code ကို Scan ဖတ်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။
🔗 Registration Link: https://forms.gle/RJU9bYUZ1o7VZGEf9